မြန်မာဘာသာ > 국제 한국어 대회

FAQ

အဆိုပါ ပြိုင်ပွဲဟာ နိုင်ငံအသီးသီးမှာ နေထိုင်နေသူများဖြစ်သော အဆိုပါနိုင်ငံသားများ အထူးပြု ပြိုင်ပွဲဖြစ်ပါသဖြင့်၊ ပြည်ပတွင် နေထိုင်နေသူများသာ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ 

နိုင်ငံတကာကိုရီးယားဘာသာစကားပြိုင်ပွဲ ဝဘ်ဆိုဒ်တွင် ​လျှောက်လွှာတင်ခြင်းလမ်းညွှန် > ​လျှောက်ထားခြင်း/စုံစမ်းမေးမြန်းခြင်း စာမျက်နှာမှ လျှောက်ထားနိုင်ပါသည်။ 

အသေးစိတ် ​လျှောက်ထားနည်းလမ်းများအတွက် ပြိုင်ပွဲလမ်းညွှန် > အသေးစိတ်လမ်းညွှန်ချက်များ၊ ပြိုင်ပွဲလမ်းညွှန် > သတိထားရန်များ၊ ​လျှောက်ထားရန်လမ်းညွှန် > ​လျှောက်ထားရန်နည်းလမ်း စာမျက်နှာကို ဖတ်ရှု​ပေးပါ။

ယှဉ်ပြိုင်ခွင့်လျှောက်ထားခြင်း စသည့် စာရွက်စာတမ်း တင်သွင်းခြင်း အားလုံးကို အွန်လိုင်း ပြိုင်ပွဲ ဟုမ်းပေ့ချ်တွင်သာ ပြုလုပ်နိုင်ပါသည်။ လူတွေ့ စသည့် အခြားသော ဝက်ဘ်ဆိုက်များမှတစ်ဆင့် အဆိုပါ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လျှောက်လွှာကို လက်မခံပါသဖြင့် အထူးသတိပြုပါရန် အသိပေးအပ်ပါသည်။ 

ယှဉ်ပြိုင်ဆင်နွှဲခကို မှားပြီး သွင်းမိသည့်အခါ စုံစမ်းရန် စာမျက်နှာ အတွင်းရှိ လျှောက်ထားသူ အမည်၊ ငွေသွင်းသူအမည်၊ ငွေသွင်းသည့်နေ့ရက်၊ သွင်းသည့် ငွေပမာဏ စသည်ကို ဖြည့်စွက်ပြီး လျှို့ဝှက်စာဟု အမည်တပ် ပေးပို့ပေးပါက သီးသန့် စစ်ဆေးပေးပါမည်။ 

လျှောက်ထားသူသည် လျှောက်ထားနိုင်သည့် နယ်ပယ်အားလုံးအတွင်းမှ တစ်ခုသော နယ်ပယ်ကိုသာ ရွေးချယ်ပြီး လျှောက်ထားရမည် ဖြစ်ပြီး၊ တစ်ဦးတည်း ပြိုင်ပွဲ ထပ်ဆင့် လျှောက်ထားခွင့် မရှိပါ။ အကယ်၍ ထပ်ဆင့်လျှောက်ထားခြင်းကို တွေ့ရှိသည်ရှိသော် အကဲဖြတ်ခြင်းမှ ပယ်ဖြတ်ခြင်း၊ ဆု ပြန်လည် ရုပ်သိမ်းခြင်းတို့ ရှိနိုင်ပါသဖြင့် အထူးသတိပြုပေးပါရန် အသိပေးအပ်ပါသည်။ 

လျှို့ဝှက်နံပါတ်ကို မေ့သွားသည့်အခါ၊ စုံစမ်းရန် စာမျက်နှာ အတွင်းရှိ လျှောက်ထားသူအမည် စသည့် မှတ်ပုံတင် စာရွက်စာတမ်းကို ပူးတွဲတင်ပေးပြီး၊ လျှို့ဝှက်စာဟု အမည်တပ်ပြီး ပေးပို့ပါက သီးသန့် စစ်ဆေးပေးပါမည်။ 

ယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်းကို စုံစမ်းရန် စာမျက်နှာကို အသုံးပြုပြီး လျှောက်ထားနိုင်ပြီး၊ လျှောက်လွှာကာလ ကျော်လွန်ပြီးနောက် ငွေပြန်အမ်းလျှောက်လွှာတင်ခြင်းနှင့် လျှောက်လွှာတင်သူ၏ အမှားကြောင့်ဖြစ်သည့် ငွေပြန်အမ်းခြင်းများ မပြုလုပ်နိုင်ပါသဖြင့် မလျှောက်ထားမီ သတိပြုရန်အချက်များ စာမျက်နှာကို သေချာပေါက် ဖတ်ရှုပေးရန် အသိပေးအပ်ပါသည်။ 

ရပါတယ်။ 

သို့ရာတွင်၊ အရွေးချယ်မခံရပါက၊ သင်သည် ပထမ ဆန်ခါတင်အဆင့်မှ ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး၊ ယခင်လျှောက်လွှာမှတ်တမ်းများကို ပြန်လည်ထည့်သွင်း သုံးသပ်မည်မဟုတ်ပါ။ 

ပထမဆန်ခါတင်အဆင့် အောင်မြင်ခြင်း ကြေညာချက်ကို ဟုမ်းပေ့ချ် စာမျက်နှာတွင် ဖော်ပြမည်ဖြစ်ပြီး၊ ဒုတိယဖိုင်နယ်အဆင့်၊ နိုင်ငံတကာလက်ရွေးစင်အဆင့် အောင်မြင်သူများကို ပြိုင်ပွဲနေ့၊ ပြိုင်ပွဲနေရာတွင် တိုက်ရိုက် ကြေညာသွားမည်ဖြစ်သည်။ 

ကွန်ပျူတာဖြင့် အသုံးပြုသည့်အခါ၊ ပရင့်ထုတ်မည် ခလုပ်ကို နှိပ်ပြီး  PDFဖိုင်ဖြင့် သိမ်းပြီး ထုတ်နိုင်ပါသည်။ ဖုန်းဖြင့်အသုံးပြုသည့်အခါ၊ ပရင့်ထုတ်မည် ခလုပ်ကို နှိပ်ပြီး ဟန်းဖုန်းဖြင့် ချိန်ဆက်ထားသည့် ပရင့်ထုတ် စစ်စတမ်တစ်ခုခုဖြင့် PDFဖိုင်ကို သိမ်းပြီး၊ ထို စာမျက်နှာကို စခရင်ရှော့ ရိုက်ပြီး သိမ်းထားနိုင်ပါသည်။

နိုင်ငံတကာကိုရီးယားဘာသာစကားပြိုင်ပွဲ ဝဘ်ဆိုဒ်ရှိ ကွန်မြူနတီ > စုံစမ်းမေးမြန်းမှု စာမျက်နှာတွင် မက်ဆေ့ချ် ချန်ထား​ပေးပါက အလုပ်ဖွင့်ရက် 1 ရက်မှ 3 ရက်အတွင်း အ​ကြောင်းပြန်​ပေးပါမည်။