[대회 공지사항] 대회 일정 및 혜택사항 등 주요사항 변경 알림 (Myanmar ver.)

공지사항

[대회 공지사항] 대회 일정 및 혜택사항 등 주요사항 변경 알림 (Myanmar ver.)

최고관리자 0 281


မင်္ဂလာပါ။

နိုင်ငံတကာ ကိုရီးယားဘာသာစကားပြိုင်ပွဲ ကျင်းပရေး
ကော်မတီဖြစ်ပါသည်။


နိုင်ငံတကာကိုရီးယားဘာသာစကားပြိုင်ပွဲ၏
ပြုပြင်ပြောင်းလဲချက်များကို ထပ်မံ အသိပေးအပ်ပါသည်။
 



1. ပြိုင်ပွဲအချိန်ဇယား၊ လျှောက်လွှာတင်ချိန်နှင့် ဆန်ခါတင်အဆင့် ရလဒ်ကြေညာမည့် အချိန်ဇယားကို  ပြန်လည်အကြောင်းကြား အသိပေးအပ်ပါသည်။ 

  - (1st) ပထမ ဆန်ခါတင် လျှောက်လွှာ:
    2024. 02. 26 (တနင်္လာနေ့) ~ 03. 25 (တနင်္လာနေ့)

  - (2nd) ဒုတိယ ဆန်ခါတင် လျှောက်လွှာ:
    2024. 03. 26 (အင်္ဂါနေ့) ~ 05. 31 (သောကြာနေ့)

  - (တစ်ပြေးညီ) ဆန်ခါတင်အဆင့် ရွေးချယ်ခံရသူများ ကြေငြာခြင်း - ၂၀၂၄ ခုနှစ် ၆လပိုင်း ၇ရက် (သောကြာနေ့ နံနက် ၀၉း၀၀ နာရီ)

 

  * ဆန်ခါတင်အဆင့် ရလဒ် ကြေငြာချက်များကို ဝက်ဘ်ဆိုက်ရှိ [ကွန်မြူနတီ] – [အသိပေးချက်များ]တွင် ကြည့်ရှုနိုင်ပါသည်။

  * ဆန်ခါတင်အဆင့် ရလဒ်များ၏ ကြေငြာချိန်သည် ကိုရီးယားစံတော်ချိန် (KST) (UTC +9) ဖြစ်ပါသည်။



2. ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်တွင် အနိုင်ရရှိသူများ ရရှိနိုင်မည့် အကျိုးရလဒ်များကို အောက်ပါအတိုင်း အသေးစိတ် အသိပေးအပ်ပါသည်။
  - (တစ်ပြေးညီ) ကိုရီးယားသို့ ဝင်ရောက်လာမည့်သူများအတွက် လိုအပ်သော ဗီဇာထုတ်ပေးခြင်း အစရှိသော စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အမျိုးမျိုးကို အပိုကုန်ကျစရိတ် မရှိဘဲ
    အဖွဲ့အစည်းမှ အခမဲ့ စီမံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  - (ရွေးချယ်နိုင်သည့်အချက်) ပြိုင်ပွဲလျှောက်ထားသည့်အခါ ကျောင်းဝင်ခွင့်(ကျောင်းတက်ခွင့်)နှင့် အလုပ်အကိုင်လျှောက်ထားခြင်း အုပ်စုနှစ်ခုထဲမှ မိမိ လျှောက်ထားခဲ့သည့်အပေါ်မူတည်ပြီး ဆုပေးစနစ် ကွာခြားသွားမည်ဖြစ်ပါသည်။

ကျောင်းဝင်ခွင့်(ကျောင်းတက်ခွင့်) အုပ်စု

လုပ်အကိုင်လျှောက်ထားခြင်း အုပ်စု 

ဆု

ထောက်ပံ့ခြင်း

ဆု

ထောက်ပံ့ခြင်း

အထူးဆု

ကိုရီးယား တက္ကသိုလ်တွင်
၁နှစ်စာ ကျောင်းလခ (ဝမ်သိန်း ၁၀၀ခန့်)

 အထူးဆု

အလုပ်ဝင်ရန်လိုအပ်သည့် ပညာသင်ခြင်းနှင့်
အဆောင် ၁နှစ်စာ (ဝမ်သိန်း ၁၀၀ခန့်)

ရွှေတံဆိပ်ဆု

ကိုရီးယား တက္ကသိုလ်တွင် 
၆လစာ ကျောင်းလခ (ဝမ် သိန်း ၅၀ခန့်)

ရွှေတံဆိပ်ဆု

အလုပ်ဝင်ရန်လိုအပ်သည့် ပညာသင်ခြင်းနှင့်
အဆောင်  ၆လစာ (ဝမ် သိန်း ၅၀ခန့်)

ငွေတံဆိပ်ဆု

ကိုရီးယား တက္ကသိုလ်တွင်
ကျောင်းလခ ဝမ် သိန်း ၂၀

 ငွေတံဆိပ်ဆု

အလုပ်ဝင်ရန်လိုအပ်သည့် ပညာသင်ခြင်းနှင့်
အဆောင် ၃လစာ (ဝမ် သိန်း ၂၀)

ကြေးတံဆိပ်ဆု 

ကိုရီးယား တက္ကသိုလ်တွင်
ကျောင်းလခ ဝမ် ၁၀ သိန်း
 

 ကြေးတံဆိပ်ဆု

အလုပ်ဝင်ရန်လိုအပ်သည့် ပညာသင်ခြင်းနှင့်
အဆောင် ၁လစာ (ဝမ် ၁၀ သိန်း)

 


  * ဆုများကို နိုင်ငံအလိုက်၊ ယှဉ်ပြိုင်မှုအုပ်စုအလိုက် ပေးအပ်မည်ဖြစ်ပြီး၊ ယှဉ်ပြိုင်မည့် အပိုင်း(အကြောင်းအရာ) မရွေးဘဲ ဆုရရှိသူကို ရွေးချယ်သွားမည်ဖြစ်သည်။
    (ဥပမာ- အထူးဆု - မြန်မာ/ ကျောင်းဝင်ခွင့်(ကျောင်းတက်ခွင့်) / ၁၈နှစ်အထက်အုပ်စု / ကိုရီးယားနှင့်မိမိအိပ်မက်၊ 
    ရွှေတံဆိပ်ဆု - မြန်မာ / ကျောင်းဝင်ခွင့်(ကျောင်းတက်ခွင့်) / ၁၈နှစ်အထက်အုပ်စု / ကိုရီးယားနှင့်မိမိအိပ်မက်)

  * ပညာသင်ဆုများ၊ ပညာရေးစရိတ်များနှင့် အဆောင်တည်းခိုစရိတ်များကို ဆုရရှိသူအား ငွေသားဖြင့် ပေးအပ်မည် မဟုတ်ဘဲ သက်ဆိုင်ရာ ကိုရီးယားအဖွဲ့အစည်းသို့ ဆုရရှိသူ၏ အမည်ဖြင့် (တက္ကသိုလ်၊ ပညာရေးအဖွဲ့အစည်း) သို့ ပေးအပ်သွားမည်ဖြစ်ပါသည်။

  * ပညာရေးဆိုသည်တွင် ကိုရီးယားဘာသာစကားသင်ယူခြင်း၊ သတင်းအချက်အလက်ရှာဖွေစုဆောင်းခြင်း၊ အလုပ်အကိုင်ကျွမ်းကျင်မှုစသည့် အခြေခံအဖြစ် သိထားသင့်သော နည်းပညာနှင့် အကြောင်းအရာများကို သင်ကြားပေးခြင်းကို ဆိုလိုပြီး၊ ပညာသင်စရိတ်နှင့် အဆောင်ခမှ လွဲသည့် စားသောက်စာရိတ်၊ သုံးစွဲစရိတ် စသည်တို့ မပါဝင်ပါ။


3. ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်များ အချိန်ဇယားကို အောက်ပါအတိုင်း ပြောင်းလဲမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
  - အချိန်ဇယား- 2024ခုနှစ် ၆လပိုင်း ၂၁ရက်(သောကြာနေ့) ~ ၇လပိုင်း ၅ရက်နေ့(သောကြာနေ့)အတွင်း တစ်ရက်

  * နိုင်ငံတစ်ခုစီ၏ ဖိုင်နယ်ပွဲစဉ်ဇယားများကို ဝဘ်ဆိုဒ်ရှိ [ကွန်မြူနတီ]-[အသိပေးချက်များ] မှတဆင့် ကြေညာမည်ဖြစ်ပြီး အကြောင်းအရာနှင့် နည်းလမ်း စသည့် ဖိုင်နယ်ပွဲစဉ်ဆိုင်ရာ အသိပေးချက်များနှင့်အတူ အနည်းဆုံး နှစ်ပတ်ကြိုတင် ကြေညာပေးမည်ဖြစ်သည်။


4. (*မြန်မာသီးသန့်) မြန်မာနိုင်ငံတွင် အမျိုးသားရေးအခြေအနေကြောင့် ဤပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်ကို အော့ဖ်လိုင်းနှင့် အွန်လိုင်းတွင် တစ်ပြိုင်နက်ကျင်းပမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
  - ၎င်းသည် 1st International Korean Language Competition ၏ ဖိုင်နယ်ပွဲစဉ်အဆင့်နှင့်သာ သက်ဆိုင်ပြီး နောင်အချိန်တွင် အခြေအနေပေါ်မူတည်၍ ကွဲပြားမှုများ ရှိနိုင်မည်ဖြစ်သည်။
  - အော့ဖ်လိုင်းပွဲကို ရန်ကုန်၊ မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အွန်လိုင်းပွဲကို Zoom ဖြင့် ကျင်းပမည်ဖြစ်သည်။ (URL လင့်ခ်ကို ဖိုင်နယ်ဝင်ရောက်နိုင်သူများဆီသို့ သီးသန့် ပေးပို့မည်ဖြစ်ပါသည်။)


5. ဆုလက်ခံရရှိပြီးနောက် ကိုရီးယားနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်ရန်အတွက် ပြင်ဆင်ချိန် ကာလကို 6လမှ 1နှစ်အထိ ပေးအပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


6. နိုင်ငံကိုယ်စားပြုပြိုင်ပွဲအတွက် အချိန်ဇယားကို 2024 ခုနှစ် အောက်တိုဘာလအတွင်း စီစဉ်ထားကြောင်း အသိပေးအပ်ပါသည်။


ယခုအချက်အလက်များအပြင် ဝဘ်ဆိုက်ရှိ အခြားသော မူလ အကြောင်းအရာများမှာ ပြောင်းလဲမှု မရှိကြောင်း  အသိပေးအပ်ပါသည်။
အခြား သိချင်သည့် မေးခွန်းများကို ဝဘ်ဆိုက်ရှိ [ကွန်မြူနတီ] မှတဆင့်  ဆက်သွယ်မေးမြန်းပေးပါက ရုံးဖွင့်ရက် ၁ ရက်မှ ၃ ရက်အတွင်း ပြန်လည်ဖြေကြားပေးပါမည်။ 
 

ကျေးဇူးတင်ပါသည်။